Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 3:5

Judson Bible

သူ့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​ကြ၏။ သို့​ရာ​တွင်၊ တေ​ကော​မင်း​တို့​သည် မိ​မိ​တို့​အ​ရှင်၏​အ​မှု​ကို ဝိုင်း​ညီ၍​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တေ​ကော​မြို့​သို့​စေ​လွှတ်၍ ပ​ညာ​ရှိ​သော​မိန်း​မ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ဆီ​မ​လိမ်း​ပါ​နှင့်။ စိတ်​မ​သာ ညည်း​တွား​ဟန်​ပြု၍ မ​သာ​အ​ဝတ်​ကို ဝတ်​ပါ​တော့။ လူ​သေ​အ​တွက် ကြာ​မြင့်​စွာ ငို​ကြွေး​သော​မိန်း​မ ယောင်​ဆောင်​လျက်၊

ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊

သူ​တို့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​သို့​ထွက်​သော ပြ​အိုး​ကြီး တစ်​ဖက်​တစ်​ချက်၌၊ ဩ​ဖေ​လ ရဲ​တိုက်​ရိုး​တိုင်​အောင် ပြင်​ကြ၏။

သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။

တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။

ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ကြိုး​နှင့်ထမ်း​ပိုး​များ​ကို​လုပ်၍၊ သင်၏​လည်​ပင်း၌​တပ်​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​မ​ခံ၊ သူ၏​ထမ်း​ပိုး​ကို မ​ထမ်း​လို​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​ကို၊ သူ၏​လက်၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​အ​ပြစ်​ပေး​မည်။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။-

မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ