သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်း တစ်ဖက်တစ်ချက်၌ ပြင်၏။
ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက် မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
သူ့နောက်မှ၊ ပန်းထိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တစ်ဖက်တစ်ချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ် တိုင်အောင်လည်းကောင်း၊ မြို့ထောင့်တက်ရာအရပ် တိုင်အောင်လည်းကောင်းပြင်၏။
သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ် ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသားဖြစ်သော ဗေရခိ၏သား မေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။
တောဘိသည် အာရာသား ရှေကနိ၏သမက် ဖြစ်သောကြောင့်လည်းကောင်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဖက်သောကြောင့်လည်းကောင်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။