Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 3:3

Judson Bible

ငါး​တံ​ခါး​ကို​ကား၊ ဟဿေ​နာ​အ​မျိုး​သား​တို့​သည် ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။

သေ​နာ​မြို့​သား သုံး​ထောင်​ခြောက်​ရာ သုံး​ဆယ်​တည်း။

ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။

ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။

တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။

ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊

မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊

သေ​နာ​မြို့​သား သုံး​ထောင်​ကိုး​ရာ​သုံး​ဆယ်​တည်း။

အ​ကြောင်း​မူ​ကား၊ သင်၏​တံ​ခါး​ကန့်​လန့်​တို့​ကို ခိုင်​မာ​စေ၍၊ သင်၏​အ​ထဲ​မှာ သား​သ​မီး​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့၌ ငါး​တံ​ခါး​ဝ​မှာ အော်​ဟစ်​သံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​မြို့၌ ငို​ကြွေး​မြည်​တမ်း​သံ​ကို​လည်း​ကောင်း၊ တောင်​ရိုး၌ ပြင်း​စွာ ချိုး​ဖျက်​သံ​ကို​လည်း​ကောင်း ကြား​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ