Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 3:1

Judson Bible

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သည်၊ မိ​မိ​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​တို့​နှင့်​တ​ကွ ထ၍၊ သိုး​တံ​ခါး​ကို ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ မေ​အာ​ပြ​အိုး​မှ ဟာ​န​နေ​လ​ပြ​အိုး တိုင်​အောင် ပြင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယော​ရှု​သား ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​သား ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၊

ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည်​လည်း၊ ကိုယ်​ကို​လည်း​ကောင်း၊ လူ​များ၊ မြို့​တံ​ခါး၊ မြို့​ရိုး​ကို​လည်း​ကောင်း စင်​ကြယ်​စေ​ကြ၏။

ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။

အ​ရင်​တစ်​ခါ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​ပြင်​ခန်း​ကို အုပ်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ်​သည် တော​ဘိ​နှင့် ပေါက်​ဖော်​တော်​သည် ဖြစ်၍၊

သူ့​နောက်​မှ၊ ဇ​ဗ္ဗဲ​သား​ဗာ​ရုတ်​သည် မြို့​ထောင့်​မှ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ် အိမ်​တံ​ခါး​တိုင်​အောင် ကြိုး​စား၍ ပြင်၏။

သူ့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ်​သည်၊ ဧ​လျာ​ရှိပ်​အိမ်​တံ​ခါး​မှ အိမ်​ထောင့်​တိုင်​အောင် ပြင်၏။

မြို့​ထောင့်​တက်​ရာ အ​ရပ်​မှ​စ၍၊ သိုး​တံ​ခါး​တိုင်​အောင် ပန်း​ထိမ်​သ​မား​များ​နှင့် ကုန်​သည်​များ​တို့​သည် ပြင်​ကြ၏။

ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊

မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

သား​မြေး​တို့​အား ကြား​ပြော​မည်​အ​ကြောင်း ဇိ​အုန်​မြို့​ကို ပတ်​ပတ်​လည်၍ ပြ​အိုး​တို့​ကို ရေ​တွက်​ကြ​လော့။

သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​စ၍ မြို့​ထောင့်​တံ​ခါး​တိုင်​အောင်၊ မြို့​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ထောင်​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။

ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။

ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-

ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ