နေဟမိ 2:7Judson Bibleတစ်ဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကိုမဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။