Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 2:6

Judson Bible

ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ထို​ကာ​လ​ပတ်​လုံး ငါ​သည် ယေ​ရု​ရှ​လင်​မြို့၌​မ​ရှိ။ ဗာ​ဗု​လုန် ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​နန်း​စံ သုံး​ဆယ်​နှစ်​နှစ်​တွင် အ​ထံ​တော်​သို့ သွား​ရ၏။ အင်​တန်​ကာ​လ ကြာ​ပြီး​မှ၊ ရှင်​ဘု​ရင်​ထံ​တော်၌ အ​ခွင့်​ရ၍၊

ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။

ထို​မှ​တစ်​ပါး ယု​ဒ​မြို့​ဝန်​အ​ရာ​ကို ငါ​ခံ​သော​အ​ချိန်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ နှစ်​ဆယ်​မှ​စ၍ သုံး​ဆယ်​နှစ်​နှစ်​တိုင်​အောင်၊ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ငါ​နှင့် ငါ့​ညီ​တို့​သည် မြို့​ဝန်​ရိ​က္ခာ​ကို​မ​စား။

သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။ ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။

ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။

ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ