Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 2:18

Judson Bible

ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး​နှင့် ငါ​တို့​ဘု​ရား​သ​ခင့် မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။

ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-

ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ