Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 2:17

Judson Bible

နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည် ကျွန်​ခံ​လျက်​နေ​ရ​ပါ၏။ ထို​သို့ ကျွန်​ခံ​လျက် နေ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကျွန်ုပ်​တို့ အ​သက်​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ထူ​ထောင်၍၊ ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ခြင်း​ငှာ​လည်း​ကောင်း၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ ခို​လှုံ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​အား ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​သိ​ရှင်​ဘု​ရင်​တို့​သည် အ​ကျွန်ုပ်​တို့၌ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို ပေး​သ​နား​တော်​မူ​ပြီ။

သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။

ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊

အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။

မိ​ဇ​ပါ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ကော​လ​ဟော​ဇ​သား ရှ​လ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြင်၍ တံ​ခါး​မိုး၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား​ပြီး​လျှင်၊ ဥ​ယျာဉ်​တော်​နား​မှာ၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​တိုင်​အောင် တည်၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​ကို အိမ်​နီး​ချင်း​များ​ကဲ့​ရဲ့​ရာ ပတ်​ဝန်း​ကျင်၌​နေ​သော​သူ​များ ပြက်​ရယ်​ပြု၍၊ အ​ရှက်​ခွဲ​ရာ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ပုံ​ခိုင်း​ရ​သော​အ​ခွင့်၊ လူ​စု​တို့​သည် ခေါင်း​ညိတ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

အ​ကျွန်ုပ်​တို့ အိမ်​နီး​ချင်း​တို့​သည် ကိုယ်​တော်​အား ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်​ထဲ​သို့ ခု​နစ်​ဆ​တိုင်​အောင် ဆပ်​ပေး​တော်​မူ​ပါ​ဘု​ရား။

အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။

သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။

ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။

ထို​မှ​တစ်​ပါး၊ အ​နား​မှာ လျှောက်​သွား​သ​မျှ​သော​သူ​တို့​ရှေ့​တွင် သင့်​ကို လူ​ဆိတ်​ညံ​ရာ၊ ပတ်​လည်၌​နေ​သော လူ​အ​မျိုး​မျိုး​တို့၏ ကဲ့​ရဲ့​ရာ​ဖြစ်​စေ​မည်။

သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။

အ​မ္မုန်​အ​မျိုး​သား နာ​ဟတ်​က၊ သင်​တို့၌ လက်​ယာ​မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်၍ ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး၌ ငါ​ကဲ့​ရဲ့​ရ​သော​အ​ခွင့်​ကို ပေး​မှ​သာ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်​ဟု ပြန်​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ