ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တစ်ခါနှစ်ခါ အိပ်ကြ၏။
အဖိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှာ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။
ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တစ်ဖန်လာ၍ အိပ်လျှင် ဖမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။