Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 13:18

Judson Bible

ဘိုး​ဘေး​တို့​သည် ထို​သို့​ပြု​သော​ကြောင့်၊ ဤ​မျှ​လောက်​ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​ကို ငါ​တို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို ဖျက်​သော​အား​ဖြင့် သာ၍​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​စေ​ဦး​မည်​လော​ဟု ယု​ဒ​မှူး​မတ်​တို့​ကို အ​ပြစ်​တင်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​တည်း​ဟူ​သော ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့​တွင် ရှေ့​တော်​မုန့်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။

သင်​တို့​ပြု​သော​ဒု​စ​ရိုက်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​တော်​မ​မူ​နိုင်​သော​ကြောင့်၊ သင်​တို့​ပြည်​သည်၊ ယ​နေ့ ဖြစ်​သည်​အ​တိုင်း၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လေ​ပြီ​တ​ကား။

သင်​တို့​သည် နံ့​သာ​အ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက် ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​သော​ကြောင့်​လည်း​ကောင်း၊ ဤ​ဘေး​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ သင်​တို့၌ ရောက်​လေ​ပြီ​တ​ကား​ဟု ပြော​ဆို၏။

ယု​ဒ​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​လမ်း​တို့၌​လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​များ ပြု​သော​ဒု​စ​ရိုက်၊ ယု​ဒ​ရှင်​ဘု​ရင်​များ ပြု​သော​ဒု​စ​ရိုက်၊ မိ​ဖု​ရား​များ​ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​ကိုယ်​တိုင် ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​မ​ယား​များ ပြု​သော​ဒု​စ​ရိုက်​တို့​ကို မေ့​လျော့​ကြ​ပြီ​လော့။

သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။

ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ