Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 13:14

Judson Bible

အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်၌ ငါ့​စိတ်​နှ​လုံး စွဲ​လမ်း​သော​ကြောင့်၊

ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။

သင်၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လို​သေး​သော​အ​ရာ၊ ဝယ်​သင့်​သ​မျှ​တို့​ကို ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ဝယ်​လော့။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​စောင့် တစ်​စုံ​တစ်​ယောက်၌​မျှ ငွေ​တော်​ကို မ​ခွဲ​စေ​နှင့်။ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ခံ​မ​ယူ​စေ​နှင့်​ဟု ငါ​မှာ​လိုက်၏။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး၏။

အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​ဖို့ အ​ကျွန်ုပ်​ပြု​သ​မျှ​အ​တွက် အ​ကျွန်ုပ်​ကို အောက်​မေ့၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။-

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ