သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက်လျက် နေကြ၏။
မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှမတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊
အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။
ထိုရှေလောမိတ်နှင့် သူ၏ညီတို့သည် ဒါဝိဒ်မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတစ်ပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသောကြောင့် ဝင်ရကြမည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရားဘက်၌ စောင့်နေရကြမည်။