Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 12:39

Judson Bible

ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။

တစ်​ဖန် သီ​ချင်း​သည်​နှစ်​စု​သည် ဘု​ရား​သ​ခင်​အိမ်​တော်​တွင် ရပ်၍၊ တစ်​ဝက်​သော မင်း​အ​ရာ​ရှိ​တို့​သည် ငါ​နှင့်​အ​တူ၊

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သည်၊ မိ​မိ​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​တို့​နှင့်​တ​ကွ ထ၍၊ သိုး​တံ​ခါး​ကို ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ မေ​အာ​ပြ​အိုး​မှ ဟာ​န​နေ​လ​ပြ​အိုး တိုင်​အောင် ပြင်​ကြ၏။

ဥ​ဇဲ​သား ပါ​လ​လ​သည် မြို့​ရိုး​ကွေ့​ရာ တစ်​ဖက်​တစ်​ချက်​ကို​လည်း​ကောင်း၊ ထောင်​ဝင်း​နား၊ မြင့်​သော​နန်း​ရှေ့​မှာ​ရှိ​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်၏။ သူ့​နောက်​မှ၊ ပါ​ရုပ်​သား ဂေ​ဒါ​ယ​ပြင်၏။

ငါး​တံ​ခါး​ကို​ကား၊ ဟဿေ​နာ​အ​မျိုး​သား​တို့​သည် ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။

တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။

လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​စ၍ မြို့​ထောင့်​တံ​ခါး​တိုင်​အောင်၊ မြို့​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ထောင်​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့၌ ငါး​တံ​ခါး​ဝ​မှာ အော်​ဟစ်​သံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​မြို့၌ ငို​ကြွေး​မြည်​တမ်း​သံ​ကို​လည်း​ကောင်း၊ တောင်​ရိုး၌ ပြင်း​စွာ ချိုး​ဖျက်​သံ​ကို​လည်း​ကောင်း ကြား​ရ၏။

ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ