Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 12:36

Judson Bible

သူ၏​ညီ ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ၊ ဟာ​န​နိ​တို့​သည် ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်၏​တူ​ရိ​ယာ​မျိုး​ကို ကိုင်​လျက်​လိုက်​ကြ၏။ ကျမ်း​တတ်​ဆ​ရာ ဧ​ဇ​ရ​သည် သူ​တို့​ရှေ့​မှာ သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လေး​ထောင်​တို့​သည် တံ​ခါး​ကို​စောင့်​ရ​ကြ၏။ လေး​ထောင်​တို့​သည် ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​တူ​ရိ​ယာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ၏။

ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။

ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊

အာ​တ​ဇေ​ရဇ်​မင်း​ကြီး လက်​ထက်၌၊ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား​သော​သူ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့၏ သား​စဉ်​မြေး​ဆက်​စာ​ရင်း ဟူ​မူ​ကား။

လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။

တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ် အ​မျိုး​သား​အ​ချို့၊ အာ​သပ်၊ ဇ​က္ကု​ရ၊ မိ​က္ခာ​ယ၊ မဿ​နိ၊ ရှေ​မာ​ယ၊ ယော​န​သန်​တို့​မှ ဆင်း​သက်​သော ဇာ​ခ​ရိ အ​စ​ရှိ​သော၊

တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊

ဣ​သ​ခါ​အ​မျိုး ဇု​အာ​သား​နာ​သ​နေ​လ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ