နေဟမိ 12:31Judson Bibleထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ယာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။
ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလ အမျိုးအသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကိုအုပ်သော ခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊