Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 12:30

Judson Bible

ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည်​လည်း၊ ကိုယ်​ကို​လည်း​ကောင်း၊ လူ​များ၊ မြို့​တံ​ခါး၊ မြို့​ရိုး​ကို​လည်း​ကောင်း စင်​ကြယ်​စေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်​အိမ်​သူ​အိမ်​သား​များ​နှင့်၊ မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​တွင်​ပါ​သော၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​တို့​ကို ပယ်​ပစ်​ကြ​လော့။ အ​ဝတ်​ကို​လဲ၍ သန့်​ရှင်း​ခြင်း​ရှိ​စေ​ကြ​လော့။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လေ​ဝိ​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် နည်း​သော​ကြောင့်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ရှိ​သ​မျှ​ကို မ​သတ်​နိုင်​သည်​ဖြစ်၍၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို​မ​သန့်​ရှင်း​စေ​မီ၊ အ​မှု​တော် လက်​စ​မ​သတ်​မီ​တိုင်​အောင်၊ ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် ထောက်​မ​ကြ၏။ ကိုယ်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​သား​တို့​သည် သာ၍ စိတ်​သ​ဘော​ဖြောင့်​ကြ၏။

အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​လော့။ ကိုယ်​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က အ​မှိုက်​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။

သိမ်း​သွား​ခြင်း​ကို​ခံ​သော လူ​စု​ထဲ​က ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​အ​ညစ်​အ​ကြေး​ကို ပယ်​ရှား​သော သူ​များ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ကို​စား၍၊

ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​ရွာ​တို့၌ နေ​ရာ​ကျ​လျက်​ရှိ၍၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်၊ လွင်​ပြင်​အ​ရပ်​များ၊ နေ​တော​ဖာ​သိ​ရွာ​များ၊ ဂိ​လ​ဂါ​လ​မြို့​နယ်၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက် ကျေး​လက်​ထဲ​က​လာ၍ စည်း​ဝေး​ကြ၏။

လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

ထို​သို့ ယု​ဒ​အ​မျိုး​သား​တို့​ကို တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အ​မှု​စောင့်​ရ​သည်​အ​တိုင်း ငါ​ခန့်​ထား၍၊

ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း လူ​တို့​ရှိ​ရာ​သို့​သွား​၍၊ ယ​နေ့​နှင့် နက်​ဖြန်၌ သူ​တို့​ကို​သန့်​ရှင်း​စေ​လော့။ သူ​တို့​အ​ဝတ်​ကို​လျှော်​စေ​၍၊

မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။

လူ​တို့​တွင်​ရွေး​ကောက်​သော ယဇ်​ပု​ရော​ဟိတ်​မင်း မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ လူ​တို့​အ​တွက် ဘု​ရား​ဝတ်​ပြု​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​သူ ဖြစ်၏။-

ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ