Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 12:25

Judson Bible

မဿ​နိ၊ ဗာ​က​ဗု​ကိ၊ ဩ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်၊ အ​က္ကုပ်​တို့​သည်​လည်း တံ​ခါး​ဝ​နား​မှာ စောင့်​ရ​သော တံ​ခါး​စောင့်​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊

ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။

ဤ​ရွေ့​ကား ဘု​ရား​သ​ခင်၏​အိမ်​တော်၌ အ​လှည့်​လှည့်​စောင့်​ခြင်း​ငှာ သင်း​ဖွဲ့​သော ဝင်း​တံ​ခါး​ဝ​စောင့်​အ​ကြီး​အ​ကဲ​ဖြစ်​သ​တည်း။

ဩ​ဗ​ဒေ​ဒုံ​သည် တောင်​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ၏​သား​တို့​သည် အ​သု​ပိမ်​အိမ်​ကို​လည်း​ကောင်း​ရ၏။

နေ့​ရက်​အ​စဉ်​အ​တိုင်း အ​ရှေ့​မျက်​နှာ၌ လေ​ဝိ​သား​ခြောက်​ယောက်၊ မြောက်​မျက်​နှာ၌ လေး​ယောက်၊ တောင်​မျက်​နှာ၌ လေး​ယောက်၊ အ​သု​ပိမ်​ဘက်​မှာ နှစ်​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်၊

ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။

သ​ခင်၊ ကျွန်​တော်​သည် နေ့​အ​ချိန်၌ ကင်း​မျှော်​စင်​ပေါ်​မှာ​အ​စဉ်​ရပ်၍၊ တစ်​ည​လုံး၌​လည်း ကင်း​စောင့်​လျက်​နေ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ