ယောယကိမ် လက်ထက်၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ်များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟာနနိ၊
သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်အဖို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ကိုယ်ကိုလည်းကောင်း၊ ညီအစ်ကိုတို့ကိုလည်းကောင်း၊ သန့်ရှင်းစေကြလော့။
ဣသမာအမျိုး အကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေအမျိုးအလိုက် အကြီးအကဲ တစ်ကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက်တို့ကို အသီးအသီး ခွဲခန့်လေ၏။
ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။
ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊
ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုး သူကြီးတို့ကိုလည်းကောင်း၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ မှတ်သားသောစာရင်း ရှိ၏။