အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။ ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။
သီချင်းဆိုသောသူ လေဝိအဆွေအမျိုး သူကြီးတို့သည် မိမိတို့အမှုကို နေ့ညမပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့် လွတ်ကြ၏။
ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကိုလည်းကောင်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကိုလည်းကောင်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူကြ၏။