ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌ နေကြ၏။
တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကိုစောင့်သော အမျိုးသားချင်းပေါင်းကား တစ်ရာခုနစ်ဆယ်နှစ်ယောက်တည်း။
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွားရသောအခွင့်ကို ပေးလေ၏။