လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတစ်ပါး၊
လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှဆင်းသက်သော ရှေမာရတစ်ပါး၊
ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့် ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့် ဖြစ်ကြ၏။
ခွန်အားကြီးသောသူရဲ အမျိုးသားချင်း တစ်ရာနှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗဒေလသည် သူတို့ကိုအုပ်ရ၏။
လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှုစီရင်ရကြ၏။