Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 10:31

Judson Bible

ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

ထို​ကာ​လ၊ အာ​ဇုတ်​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ မော​ဘ​အ​မျိုး​သ​မီး​နှင့် စုံ​ဖက်​သော ယု​ဒ​လူ​အ​ချို့​တို့​ကို ငါ​မြင်၏။

ငါ​တို့​သည် သင်​တို့​စ​ကား​ကို နား​ထောင်၍ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဤ​မျှ​လောက်​ကြီး​သော ဒု​စ​ရိုက်​ကို​ပြု​လျက်၊ ငါ​တို့၏ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ရ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ သူ​တို့​ကို​ကျိန်​ဆို​စေ၏။

ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။

သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။

သင်​သည် သူ​တို့​သ​မီး​များ​ကို​ယူ၍၊ ကိုယ်​သား​တို့​နှင့် ထိမ်း​မြား​ပေး​စား​သ​ဖြင့်၊ ထို​သ​မီး​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့်​မှား​ယွင်း​ခြင်း​ကို​ပြု၍ သင်၏​သား​တို့​ကို ထို​ဘု​ရား​တို့​နှင့် မှား​ယွင်း​စေ​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။

ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။

သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။

ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။-

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ