ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူဘဲ နေပါမည်ဟူ၍လည်းကောင်း၊
မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့်၊ စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှမဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။
တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဖက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူရ။
ထိုသို့ ယုဒအမျိုးသားတို့ကို တစ်ပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့အမှုစောင့်ရသည်အတိုင်း ငါခန့်ထား၍၊
သူတို့က ပြန်ပေးပါမည်။ ဘာမျှ မတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ကတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊
ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။
သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့်မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။
သူတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။