Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 1:6

Judson Bible

ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။

ထို​ပြည်၌​အ​ချုပ်​ခံ​စဉ်၊ သူ​တို့​သည်​သ​တိ​ရ၍၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ မ​ဖြောင့်​သော​အ​မှု၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု စိတ်​ပြောင်း​လဲ၍ တောင်း​ပန်​သ​ဖြင့်၊

ယ​ခု​တွင်​လည်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား ယောက်ျား၊ မိန်း​မ​တို့​ကို အ​စေ​ခံ​ကျွန်​လုပ်၍၊ နှိပ်​စက်​မည့်​အ​ကြံ ရှိ​ကြ​သည်​တ​ကား။ သို့​ပြု​လျှင် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​သို့​ရောက်​သည် မ​ဟုတ်​လော။

ငါ​တို့​အ​ဘ​များ​သည်​ပြစ်​မှား၍၊ ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​မှ မျက်​နှာ​လွှဲ​လျက် ကျော​ခိုင်း​ကြ​ပြီ​တ​ကား။

အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ကြည့်​ရှု​တော်​မူ​ပါ။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ထို​သို့​ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ရှေ့​မှာ ပျပ်​ဝပ်​လျက်၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်၍ ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ အ​လွန်​များ​စွာ​သော ပ​ရိ​သတ်၊ ဣ​သ​ရေ​လ​အ​မျိုး ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​သည် ဧ​ဇ​ရ​ထံ​မှာ စည်း​ဝေး၍ အ​လွန်​ငို​ကြွေး​ကြ၏။

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ကိုး​ကွယ်​ရာ​မဲ့​သော​သူ​တို့ ဆု​တောင်း​ခြင်း​အ​ကြောင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု၊ သူ​တို့၏​ပ​တ္ထ​နာ​ကို မှတ်​တော်​မူ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​နှင့်​အ​တူ ပြစ်​မှား​ကြ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​ကြ​ပါ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။

တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။

ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။

အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။

ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။

တန်​ခိုး​ကြီး​သော​လက်​တော်​ဖြင့် ကိုယ်​တော်၏​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်၍ ယ​နေ့၌​ရှိ​သည်​အ​တိုင်း အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ပြု​မိ​ပါ​ပြီ။

ထို​သို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​မျိုး​သား​ချင်း ဣ​သ​ရေ​လ​လူ​တို့၏​အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​တောင်း​ပန်၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​တော်​အ​ဖို့ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ကပ်​လျက်​နေ၍၊

ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊

အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။

ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည် ည​နေ့​မ​ပြတ် အော်​ဟစ်၍ တောင်း​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ဘက်၌ တ​ရား​မ​စီ​ရင်​ဘဲ နေ​တော်​မူ​မည်​လော။ ကြာ​မြင့်​စွာ သည်း​ခံ​တော်​မူ​မည်​လော။-

အ​သက်​ကြီး​ရင့်၍ အ​နှစ်​ရှစ်​ဆယ်​လေး​နှစ်​ခန့်​မျှ တိုင်​တိုင် မု​ဆိုး​မ​ဖြစ်​လျက်၊ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​အား​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု၍ ဗိ​မာန်​တော်​နှင့် မ​ခွာ​ဘဲ​နေ၏။-

ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။-

မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။-

သင်၏​မျက်​ရည်​ကို ငါ​အောက်​မေ့​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​မည်​အ​ကြောင်း၊ သင့်​ကို တွေ့​မြင်​ခြင်း​ငှာ အ​လွန်​လွမ်း​သော​စိတ် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ သင်၏​အ​ဖွား​လော​ဣ၊ အ​မိ​ဥ​နိတ်၌ အ​ရင်​တည်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော၊ ငါ​သ​ဘော​ကျ​သည်​အ​တိုင်း၊ သင်၌​လည်း​တည်​သော ယုံ​ကြည်​ခြင်း​စစ်​ကို မှတ်​မိ​သ​ဖြင့်​လည်း​ကောင်း၊ နေ့​ည​မ​ပြတ်​ဆု​တောင်း ပ​တ္ထ​နာ​ပြု​သည်​တွင်၊ သင့်​ကို မ​ခြား​မ​လပ် အောက်​မေ့​သည်​ဖြစ်၍၊ ငါ့​ဘိုး​ဘေး​ကိုး​ကွယ်​သည်​အ​တိုင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ် စင်​ကြယ်​ခြင်း​နှင့်​တ​ကွ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ