Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 3:9

Judson Bible

အဲ​သ​ယော​ပိ​ပြည် နှင့် အဲ​ဂု​တ္တု​ပြည်​သည် သူ၏​လက်​နက်​ဖြစ်၏။ ရေ​တွက်၍ မ​ကုန်​နိုင်။ ဖု​တ​ပြည်​နှင့် လိ​ဗု​ပြည်​လည်း သူ၏​လက်​နက်​အ​ဝင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဟာ​မ​သား​ကား၊ ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။

ဟာ​မ​သား​ကား ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။

အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ရ​ထား​တစ်​ထောင်​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခြောက်​သောင်း၊ မ​ရေ​တွက်​နိုင်​သော အဲ​ဂု​တ္တု​ပြည်​သား​များ၊ လိ​ဗု​ပြည်​သား၊ သု​ကိ​ပြည်​သား၊ အဲ​သ​ယော​ပိ​ပြည်​သား​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊

ကု​ရှ​လူ​နှင့်​လိ​ဗု​လူ​တို့​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​နှင့်​တ​ကွ၊ အား​ကြီး​သော​အ​လုံး​အ​ရင်း​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့်၊ ထို​အ​လုံး​အ​ရင်း​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​တော်​မူ​ပြီ။

အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။

မြင်း​များ​တို့၊ တက်​ကြ​လော့။ ရ​ထား​များ​တို့၊ ဟုန်း​ဟုန်း​မြည်​ကြ​လော့။ သူ​ရဲ​များ​တည်း​ဟူ​သော၊ ဒိုင်း​လွှား​ကို ကိုင်​တတ်​သော ကု​ရှ​အ​မျိုး၊ ဖု​တ​အ​မျိုး​သား၊ လေး​ကို​ကိုင်၍ ပစ်​တတ်​သော လု​ဒိ​အ​မျိုး​သား​တို့​သည် ထွက်​သွား​ကြ​စေ။

ပေ​ရ​သိ​လူ၊ လု​ဒ​လူ၊ ဖု​တ​လူ​တို့​သည် သင်၏​တပ်​သား၊ စစ်​သူ​ရဲ လုပ်​ကြ၏။ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို ပြင်​ဆင်၍၊ သင်၏​ဂုဏ်​အ​သ​ရေ​ကို ထင်​ရှား​စေ​ကြ၏။

သင့်​ကို လက်​နှင့်​ကိုင်​သော​အ​ခါ သင်​သည် အ​ကိုင်​မ​ခံ။ သူ​တို့ ပ​ခုံး​ဆစ်​ကို ဖြုတ်​လေ၏။ သင်​နှင့်​ကိုယ်​ကို​ထောက်​သော​အ​ခါ သင်​သည်​ကျိုး​၍ သူ​တို့​ခါး​ကို နာ​စေ၏။

အဲ​သ​ယော​ပိ​ပြည် သား၊ ဖု​တ​ပြည်​သား၊ လု​ဒ​ပြည်​သား၊ အ​မျိုး​မ​စစ်​သော​လူ​ရှိ​သ​မျှ၊ ခု​ဘ​အ​မျိုး​သား၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော ပြည်​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​နှင့်​တ​ကွ ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် သူ၏​အ​လုံး​အ​ရင်း​အား​ဟော​ပြော​ရ​မည်​မှာ၊ သင်​သည် ဘုန်း​တန်​ခိုး​ကြီး၍ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။

အ​သီး​အ​သီး ဒိုင်း​လွှား​ကိုင်၍ သံ​ခ​မောက်​လုံး​ကို ဆောင်း​သော ပေ​ရ​သိ​ပြည်​သား၊ ကု​ရှ​ပြည်​သား၊ ဖု​တ​ပြည်​သား၊

ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ