Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နာ​ဟုံ 3:18

Judson Bible

အို အာ​ရှု​ရိ​ရှင်​ဘု​ရင်၊ သင်၏​သိုး​ထိန်း​တို့​သည် အိပ်​ပျော်​လျက်၊ သင်၏​မှူး​မတ်​တို့​သည် ကျိန်း​ဝပ်​လျက်၊ သင်၏​လူ​အ​ပေါင်း​တို့​သည် တောင်​ရိုး​ပေါ်​မှာ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​ရှိ၍၊ အ​ဘယ်​သူ​မျှ မ​စု​ဝေး​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​သည်​လွန်​သွား​သော​အ​ခါ၊ ရွေး​တော်​မူ​သော​ကိုယ်​တော်၏​လူ​တို့​သည် လွန်​သွား​သော​အ​ခါ၊ ထို​လူ​အ​မျိုး​မျိုး​တို့​သည် ကြောက်​သော​စိတ်၊ ထိတ်​လန့်​သော​စိတ်​အား​ကြီး၍ လက်​ရုံး​တော်​တန်​ခိုး​ကြောင့်၊ သူ​တို့​သည်​ကျောက်​ကဲ့​သို့ ငြိမ်​ငြိမ်​နေ​ကြ​လိမ့်​မည်။

ပြည်​သား​တို့​သည် ကြောက်၍ ပြေး​သော​ဒ​ရယ်​မ၊ ထိန်း​သိမ်း​သူ​မ​ရှိ​သော သိုး​များ​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို မျက်​နှာ​ပြု၍၊ အ​သီး​အ​သီး မိ​မိ​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။

အို ဗာ​ဗု​လုန် သ​တို့​သ​မီး​က​ညာ၊ ဆင်း၍ မြေ​မှုန့်၌​ထိုင်​လော့။ အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ ရာ​ဇ​ပ​လ္လင်​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ​ထိုင်​လော့။ သင့်​ကို နူး​ညံ့​သိမ်​မွေ့​သော​သူ​ဟူ၍ နောက်​တစ်​ဖန်​မ​ခေါ်​ရ။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ဒဏ်​ပေး​သည်​နည်း​တူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​ကို ဒဏ်​ပေး​မည်။

သူ​တို့​သည် ပျော်​မွေ့​ကြ​မည်​အ​ကြောင်း​နှင့်၊ နောက်​တစ်​ဖန်​မ​နိုး​ဘဲ၊ အ​စဉ်​မ​ပြတ် အိပ်​ပျော်​မည်​အ​ကြောင်း၊ သူ​တို့​သည် ရွှင်​လန်း​အား​ကြီး​သော​အ​ခါ၊ သောက်​စ​ရာ​ဖို့ ငါ​တိုက်၍ ယစ်​မူး​စေ​မည်။

ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။

လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ