Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နာ​ဟုံ 3:17

Judson Bible

သင်၏​မင်း​သား​တို့​သည် အ​ရာ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ဗိုလ်​တို့​သည် ဂေါ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ ချမ်း​သော​အ​ခါ စောင်​ရန်း​နား​မှာ ဝပ်​တတ်​ကြ၏။ နေ​ထွက်​သော​အ​ခါ ပျံ​သွား၍ အ​ဘယ်​အ​ရပ်​သို့ ရောက်​သည်​ကို မ​သိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ့​ကို​ခုတ်​လှဲ၍ ပစ်​ထား​ကြ​ပြီ။ အ​ကိုင်း​အ​ခက်​တို့​သည် တောင်​ပေါ်​နှင့် ချိုင့်​ထဲ​မှာ​ကျ၍ တစ်​ပြည်​လုံး မြစ်​နား​မှာ ကျိုး​ပဲ့​လျက်​နေ​ကြ၏။ မြေ​ကြီး​သာ​အ​ပေါင်း​တို့​သည် သူ့​အ​ရိပ်​ထဲ​က​ထွက်၍ သူ့​ကို​စွန့်​သွား​ကြ၏။

ငွေ​ကို လု​ယူ​ကြ။ ရွှေ​ကို​လည်း လု​ယူ​ကြ။ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ရွှေ​တိုက်​တော်​ထဲ​က ထုတ်၍ မ​ကုန်​နိုင်။

ထို​ကျိုင်း​ကောင်​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​သည် စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​သော​မြင်း၏ အ​ဆင်း​သ​ဏ္ဌာန်​နှင့် တူ၏။ ခေါင်း​ပေါ်​မှ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​ဟန်​ရှိ၏။ မျက်​နှာ​သည် လူ​မျက်​နှာ​ကဲ့​သို့​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ