မိုးကောင်းကင်ကြယ်များသည်ထက်၊ သင်၏ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်းတို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။
အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။
သူတို့သားမြေးတို့ကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ကတိထားတော်မူ၏။ ထိုပြည်ထဲသို့ သွင်းတော်မူသဖြင့်၊
အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊
တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သော သူတို့သည် မြေကြီးမှူးမတ်ဖြစ်လျက်၊ ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။
မိုးကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကိုလည်းကောင်း၊ ငါ၏အမှုထမ်းလေဝိသားတို့ကိုလည်းကောင်း ငါများပြားစေမည်ဟု မိန့်တော်မူ၏။
ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။