ရန်သူဝိုင်းထားသော ကာလဖို့ ရေကို ခပ်ထားလော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွှံ့ထဲသို့ ဝင်၍ အုတ်မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။
ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းအားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေခြင်းငှာ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။
ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။
မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သော လုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ် အားယူလော့။
အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။