သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့်လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။
အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကိုချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။
ထိုကာလ၌ အဲဂုတ္တုလူတို့သည်မိန်းမကဲ့သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။
ဓားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ဓားဘေးသည် ထိုမြို့သား စစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
ဓားဘေးသည် မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့ အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဓားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည် လုယူကြလိမ့်မည်။
ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲ ရဲတိုက်များ၌နေကြ၏။ အားလျော့၍ မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကို မီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။
မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ဓားနှင့် ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်းကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှာ ကြိုးစားလော့။