Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နာ​ဟုံ 2:1

Judson Bible

ဖျက်​ဆီး​သော​သူ​သည် သင့်​ရှေ့​သို့ ရောက်​လာ​ပြီ။ သင်၏​ရဲ​တိုက်​ကို သ​တိ​ပြု​လော့။ လမ်း​ကို စောင့်​လော့။ ကိုယ်​ခါး​ကို ခိုင်​ခံ့​စေ​လော့။ ကျပ်​ကျပ် အား​ယူ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သွား​လို​လျှင်​သွား၍ စစ်​တိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော်​လည်း၊ ရန်​သူ​ရှေ့​မှာ ဘု​ရား​သ​ခင်​ရှုံး​စေ​တော်​မူ​မည်။ ဘု​ရား​သ​ခင်​သည် မ​စ​ခြင်း​ငှာ​လည်း​ကောင်း၊ နှိမ့်​ချ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ၏​ဟု​ပြော​ဆို​လျှင်၊

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။

ထို​သို့ အ​စိုး​ရ​သော​သူ​တို့၏ ရာ​ဇ​လှံ​တံ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ချိုး​တော်​မူ​ပြီ။

အ​ပြည်​ပြည်​က​လာ၍၊ အ​ရေ​လ​မြို့​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း၊ အ​ရေ​လ​မြို့​နှင့် ရဲ​တိုက်​ကို​တိုက်၍ ညှဉ်း​ဆဲ​သော​သူ အ​ပေါင်း​တို့​သည် အိပ်​မက်​တည်း​ဟူ​သော ည​ရူ​ပါ​ရုံ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

မွတ်​သိပ်​သော​သူ​သည် အိပ်​မက်​တွင်​စား​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ အ​မွတ်​အ​သိပ် မ​ပြေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​သည် အိပ်​မက်​တွင် သောက်​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ နွမ်း​နယ်​လျက်၊ တောင့်​တ​လျက် ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြည်​ပြည်​က​လာ၍၊ ဇိ​အုန်​တောင်​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း​သည် ဖြစ်​ရ​လိမ့်​မည်။

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

မြေ​တစ်​ပြင်​လုံး​ကို ရိုက်​နှက်​သော သံ​တူ​သည် ကျိုး​ပြတ်​လေ​ပြီ​တ​ကား၊ ဗာ​ဗု​လုန်​မြို့​သည် လူ​မျိုး​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ