Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 8:4

Judson Bible

ထို​သိုး​သည် အ​နောက်၊ တောင်၊ မြောက်၊ သုံး​မျက်​နှာ​သို့ တိုး​ခွေ့​သော​ကြောင့် အ​ဘယ်​တိ​ရ​စ္ဆာန်​မျှ မ​ခံ​နိုင်၊ အ​ဘယ်​သူ​မျှ သူ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် ဖြစ်၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​ဖြင့် ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။

ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။

သို့​မ​ဟုတ် နုတ်​ယူ​သော​သူ​မ​ရှိ​စဉ်၊ ရန်​သူ​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို လု​ယူ​ကိုက်​ဖြတ်​ပါ​လိမ့်​မည်။

သင်​တို့​သည် အား​နည်း​သော​သိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ နံ​ပါး​နှင့်​လည်း​ကောင်း၊ ပ​ခုံး​နှင့်​လည်း​ကောင်း​တိုး၍ ချို​နှင့်​ခွေ့​သော​ကြောင့်၊

တိုက်​လာ​သော​သူ​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ သူ့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ဘဲ၊ သာ​ယာ​သော​ပြည်​ကို​နင်း​ပြီး​မှ စုံ​လင်​စေ​လိမ့်​မည်။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

ပေး​သ​နား​တော်​မူ​သော ထို​ရွှေ​ဘုန်း​တော်​မြတ်​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​သည် ရှေ့​တော်၌ ကြောက်​ရွံ့​တုန်​လှုပ်​လျက် နေ​ကြ၏။ သတ်​လို​သော သူ​တို့​ကို သတ်​တော်​မူ၏။ အ​သက်​ရှင်​စေ​လို​သော သူ​တို့​ကို ရှင်​စေ​တော်​မူ၏။ ချီး​မြှောက်​လို​သော သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ နှိမ့်​ချ​လို​သော​သူ​တို့​ကို နှိမ့်​ချ​တော်​မူ၏။

ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊

တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။

အ​နား​သို့ ရောက်​သော​အ​ခါ၊ ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့် သိုး​ကို ခတ်၍ သိုး​ချို​နှစ်​ချောင်း​ကို ချိုး​ဖဲ့၏။ သိုး​သည် ခံ​နိုင်​သော တန်​ခိုး​မ​ရှိ​သည် ဖြစ်၍ ဆိတ်​သည် သူ့​ကို​မြေ၌​လှဲ၍ နင်း​လေ၏။ သူ့​လက်​မှ အ​ဘယ်​သူ​မျှ သိုး​ကို မ​ကယ်​မ​လွှတ်​နိုင်။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ တော​သား​ရဲ​တို့​တွင် ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​စု​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခြင်္သေ့​ဝင်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ကယ်​နုတ်​နိုင်​အောင် နင်း၍ ကိုက်​စား​တတ်၏။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ