Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 8:1

Judson Bible

ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သ​က္က​ရာဇ်​သုံး​ဆယ်​ပြည့်၊ ယေ​ခေါ​နိ​မင်း​ကြီး​နန်း​ကျ ပ​ဥ္စ​မ​နှစ်၊ စ​တု​တ္ထ​လ​ငါး​ရက်​နေ့၌ ငါ​သည် သိမ်း​သွား​သော​သူ​တို့​တွင် ခေ​ဗာ​မြစ်​နား​မှာ​ရှိ​နေ​စဉ်၊

ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။

ထို​ကာ​လ၌ ငါ​ဒံ​ယေ​လ​သည် အ​ရက်​နှစ်​ဆယ်​တစ်​ရက် တိုင်​တိုင် ခြိုး​ခြံ​စွာ ကျင့်​လျက်​နေ၏။

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​ဒံ​ယေ​လ​တစ်​ယောက်​တည်း မြင်​ရ၏။ ငါ​နှင့်​အ​တူ​ပါ​သော​လူ​တို့​သည် မ​မြင်​ရ​ကြ။ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့ ရောက်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ ပြေး​ကြ၏။

ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ဒံ​ယေ​လ​သည် အိပ်​မက်​ကို​မြင်၍ အိပ်​ပျော်​စဉ်၊ စိတ်​ထဲ၌​အာ​ရုံ​ပြု​ပြီး​မှ မြင်​မက်​သော အ​ရာ​တို့​ကို ရေး​ထား​သော​အ​ချက်​ကား၊

ငါ​ဒံ​ယေ​လ​သည် ကိုယ်​ခ​န္ဓာ​တုန်​လှုပ်၍၊ ထို​ရူ​ပါ​ရုံ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​လျှင်၊

ဤ​ရွေ့​ကား အ​နက်​အ​ဓိ​ပ္ပာယ်​ပေ​တည်း​ဟု ဆို​လေ၏။ ငါ​ဒံ​ယေ​လ​သည် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၍ မျက်​နှာ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သို့​သော်​လည်း မြင်​ရ​သော​အာ​ရုံ​များ​ကို စိတ်​နှ​လုံး​ထဲ၌ သို​ထား၏။

ငါ​ဒံ​ယေ​လ​သည် ထို​ရူ​ပါ​ရုံ​ကို​မြင်၍ အ​နက်​ကို ရှာ​ဖွေ​သော​အ​ခါ၊ လူ​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​ရှေ့​တွင် ရပ်​နေ၏။

ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊

ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို ပ​ရော​ဖက်​ယေ​ရ​မိ ခံ​ဖူး​သည်​ဖြစ်၍၊ ခါ​လ​ဒဲ​နိုင်​ငံ​ကို အ​စိုး​ရ​သော မေ​ဒိ​အ​မျိုး၊ အာ​ရွှေ​ရု​သား​ဒါ​ရိ နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ထို​နှစ်​ပေါင်း​အ​ရေ​အ​တွက်​ကို ကျမ်း​စာ​အား​ဖြင့် သိ​ရ​သော​ကြောင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ