Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:24

Judson Bible

ထို​နိုင်​ငံ၌ ပေါက်​သော ချို​ဆယ်​ချောင်း​သည် ပေါ်​လ​တ္တံ့​သော မင်း​ကြီး​ဆယ်​ပါး ဖြစ်၏။ သူ​တို့​နောက် အ​ခြား​သော မင်း​ကြီး ပေါ်​လာ​လိမ့်​မည်။ အ​ရင်​မင်း​ကြီး​ထက် ထူး​ခြား၍ သုံး​ပါး​တို့​ကို နှိမ့်​ချ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

ရုပ်​တု၏​ခြေ​နှင့် ခြေ​ချောင်း​တို့​သည် သ​ရွတ်​တစ်​ပိုင်း သံ​တစ်​ပိုင်း​ရှိ​သည်​ကို မြင်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​ဖြစ်၍၊ သံ​သည် ခိုင်​မာ​ခြင်း​သ​တ္တိ ရှိ​လိမ့်​မည်။

သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။

ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-

ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​သို့​ဆောင်​သွား​လေ၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍၊ ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​တို့​နှင့်​အ​ပြည့်​ရှိ​သော သား​ရဲ​နီ​အ​ပေါ်​မှာ ထိုင်​လျက်​ရှိ​သော မိန်း​မ​တစ်​ဦး​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ