Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:20

Judson Bible

သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ချို​ငယ်​ပြော​သော စ​ကား​ကြီး​အ​သံ​ကြောင့် ငါ​ကြည့်​ရှု၍ နေ​စဉ်၊ ထို​သား​ရဲ​အ​သက်​ကို သတ်​ပြီး​လျှင် သူ၏​ကိုယ်​ကို မီး​ရှို့၍ ဖျက်​ဆီး​ကြ၏။

ထို​အ​ခါ အ​ခြား​သော သား​ရဲ​ထက်​ထူး​ခြား၍ အ​လွန်​ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ သံ​သွား​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ လက်​သည်း​ခြေ​သည်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကိုယ်​စား​ချိုး​ဖဲ့၍ ကြွင်း​သ​မျှ​ကို ခြေ​ဖြင့်​နင်း​ချေ​တတ်​သော စ​တု​တ္ထ​သား​ရဲ​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊

ငါ​ကြည့်​ရှု​စဉ်​တွင် အ​သက်​ကြီး​သော​သူ​သည် ရောက်​လာ​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​သူ​တို့​အား စီ​ရင်​ရ​သော အ​ခွင့်​ကို ပေး၍၊

ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။

ထို​ည​အ​ခါ၊ တစ်​ဖန်​ငါ​သည် အာ​ရုံ​ပြု​စဉ်၊ ကြီး​စွာ​သော ခွန်​အား​နှင့်​ပြည့်​စုံ၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော စ​တု​တ္ထ​သား​ရဲ​သည် ထင်​ရှား၏။ ကြီး​စွာ​သော သံ​သွား​လည်း​ရှိ၏။ ကိုက်​စား​ချိုး​ဖဲ့၍ ကြွင်း​သော​အ​ရာ​ကို ခြေ​ဖြင့်​နင်း​ချေ၏။ သူ​သည် အ​ရင်​သား​ရဲ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား၏။ ချို​ဆယ်​ချောင်း​လည်း​ရှိ၏။

ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။

ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ