Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:2

Judson Bible

ငါ ဒံ​ယေ​လ​သည် ည​အ​ခါ အာ​ရုံ​ပြု၍၊ မိုး​ကောင်း​ကင် လေး​မျက်​နှာ၌ လေ​တို့​သည် မ​ဟာ​သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ အ​ချင်း​ချင်း​တိုက်​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ မြည်​တတ်​သော​လူ​များ အ​လုံး​အ​ရင်း​တို့၌​လည်း​ကောင်း၊ အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့ ဟုန်း​တတ်​သော လူ​မျိုး​တို့၌​လည်း​ကောင်း​အ​မင်္ဂ​လာ​ရှိ၏။

အ​ရပ်​လေး​မျက်​နှာ​တို့​က လေ​လေး​မျိုး​ကို ဧ​လံ​ပြည်​သို့ ငါ​ဆောင်​ခဲ့​မည်။ ထို​လေ​တို့​ရှေ့​မှာ ပြည်​သား​များ​ကို ငါ​လွှင့်​မည်။ ထို​သို့​နှင်​ထုတ်​သော ဧ​လံ​ပြည်​သား​မ​ရောက်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ​မ​ရှိ​ရ။

ပင်​လယ်​သည် ဗာ​ဗု​လုန်​ပြည်​အ​ပေါ်​သို့​တက်၍၊ များ​စွာ​သော လှိုင်း​တံ​ပိုး​တို့​သည် လွှမ်း​မိုး​ကြ​ပြီ။

ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။

ည​အ​ခါ ဗျာ​ဒိတ်​တော်​အား​ဖြင့် ထို​နက်​နဲ​သော​အ​ရာ​ကို ဒံ​ယေ​လ​အား ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ၏။

ထို​ည​အ​ခါ ငါ​သည် အာ​ရုံ​ပြု၍၊ လူ​သား​နှင့် တူ​သော​သူ​တစ်​ဦး​သည် မိုး​တိမ်​ကို​စီး​လျက်၊ အ​သက်​ကြီး​သော သူ၏​အ​ထံ​တော်​သို့ ရောက်​လာ၏။ ထို​သူ​ကို အ​ထံ​တော်​ပါး​သို့​သွင်း​ကြ၏။

ထို​ည​အ​ခါ၊ တစ်​ဖန်​ငါ​သည် အာ​ရုံ​ပြု​စဉ်၊ ကြီး​စွာ​သော ခွန်​အား​နှင့်​ပြည့်​စုံ၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော စ​တု​တ္ထ​သား​ရဲ​သည် ထင်​ရှား၏။ ကြီး​စွာ​သော သံ​သွား​လည်း​ရှိ၏။ ကိုက်​စား​ချိုး​ဖဲ့၍ ကြွင်း​သော​အ​ရာ​ကို ခြေ​ဖြင့်​နင်း​ချေ၏။ သူ​သည် အ​ရင်​သား​ရဲ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား၏။ ချို​ဆယ်​ချောင်း​လည်း​ရှိ၏။

ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊

သို့​ဖြစ်၍၊ ထို​ဆိတ်​သည် အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ ခွန်​အား​ကြီး​သော​အ​ခါ ချို​ကြီး​ကျိုး​ပဲ့၏။ ထို​ချို​အ​ရာ၌ ထူး​ဆန်း​သော ချို​လေး​ချောင်း​ပေါက်၍၊ မိုး​ကောင်း​ကင်​လေး​မျက်​နှာ​သို့ မျက်​နှာ​ပြု​ကြ၏။

ကောင်း​ကင်​တ​မန်​က၊ ထို​ရ​ထား​တို့​သည်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌ ရပ်​နေ​ရာ​မှ ထွက်​သွား​သော မိုး​ကောင်း​ကင်​လေ လေး​ပါး​ဖြစ်၏။

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ယ​ခု​မြင်၍ ပြည့်​တန်​ဆာ​ထိုင်​သော ရေ​ကား၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​အ​စု​စု ဖြစ်​သ​တည်း။-

ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ