Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:17

Judson Bible

ထို​သူ​က၊ ဤ​သား​ရဲ​လေး​ကောင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပေါ်​လ​တ္တံ့​သော နိုင်​ငံ​လေး​ပါး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။

အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​ထံ​သို့ သွား၍၊ ယ​ခု​မြင်​သ​မျှ​ကား၊ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​သော်၊

သို့​သော်​လည်း၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​သည် နိုင်​ငံ​ကို​သိမ်း​ယူ၍ က​မ္ဘာ​အ​ဆက်​ဆက် စံ​စား​ကြ​လ​တ္တံ့​ဟု အ​နက်​အ​ဓိ​ပ္ပာယ်​ကို ကြား​ပြော၏။

ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။-

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-

အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ