Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 6:8

Judson Bible

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။

ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။

ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။

တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍၊ အာ​ဂတ်​အ​မျိုး ဟာ​မန်​ပြု​သော​အ​ပြစ်၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည်​ကို ပယ်​တော်​မူ​မည်​အ​ကြောင်း၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်​လေ၏။

သို့​ရာ​တွင် ရှင်​ဘု​ရင်​လက်​စွပ်​နှင့် တံ​ဆိပ်​ခတ်​သော ရှင်​ဘု​ရင် အ​မိန့်​တော်​စာ​ကို အ​ဘယ်​သူ​မျှ မ​ပယ်​ရ​သည်​ဖြစ်၍၊ စိတ်​ရှိ​သည်​အ​တိုင်း ယု​ဒ​လူ​တို့​အ​ဖို့ အ​မိန့်​တော်​စာ​ကို တစ်​ဖန်​ရေး၍၊ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ရ​မည်​ဟု မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​လူ​မော်​ဒ​ကဲ​တို့​အား မိန့်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ စု​ဝေး​ကြ​ပါ၏။ အ​ပြစ်​မ​ရှိ​သော​သူ​ကို သေ​စေ​ခြင်း​ငှာ စီ​ရင်​ကြ​ပါ၏။

ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ