Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 6:7

Judson Bible

ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊

သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သတ်​လို၍ ချောင်း​ကြည့်​လျက်​နေ​ကြ​ပါ၏။ အား​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ စည်း​ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မှား​ယွင်း​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​အ​ပြစ်​ကြောင့် မ​ဟုတ်​ပါ။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ သာ​သ​နာ​ပ​လူ​အ​ပေါင်း​တို့​ကို ဆုံး​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ဒု​စ​ရိုက်၌ ကျင်​လည်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ သ​နား​တော်​မ​မူ​ပါ​နှင့်။

ထို​သူ​ကို မြင့်​သော​အ​ရပ်​က လှဲ​ခြင်း​ငှာ ကြံ​စည်​လျက်​နေ​ကြ၏။ မု​သား​ကို​နှစ်​သက်​ကြ၏။ နှုတ်​ဖြင့်​ကား၊ ကောင်း​ချီး​ကို​ပေး​လျက်၊ နှ​လုံး၌​ကား၊ ကျိန်​ဆဲ​ခြင်း​ကို ပြု​တတ်​ကြ၏။

သ​ဘော တ​ညီ​တ​ညွတ်​တည်း​တိုင်​ပင်၍၊ ကိုယ်​တော်​တစ်​ဖက်၌ အ​ချင်း​ချင်း​သင်း​ဖွဲ့​သော​သူ ဟူ​မူ​ကား။

မ​တ​ရား​သော​အ​ကြံ​ကို မင်း၏​အ​ခွင့်​နှင့် ပြု​စု​တတ်​သော အ​ဓ​မ္မ​ရာ​ဇ​ပ​လ္လင်​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​လော။

ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်​တို့​အား အိပ်​မက်​တော်​ကို​မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု၊ ရှု​ရိ​ဘာ​သာ​ဖြင့် လျှောက်​ကြ၏။

မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။

စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊

စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။

မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။

တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ခြင်္သေ့​သည် သား​ငယ်​များ ဖို့​ကိုက်​ဖြတ်​လျက်၊ ခြင်္သေ့​မ​တို့ လည်​ပင်း​ကို ညှစ်​လျက်၊ လု​ယူ​ဖျက်​ဆီး​သော အ​ကောင်​များ​ကို​ဆောင်​ခဲ့၍ မိ​မိ​မှီ​ခို​ရာ​တွင်း​တို့​ကို ပြည့်​စေ​တတ်၏။

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။-

ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။-

နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-

ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ