ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင်၊
ဆိုးသောသူသည် ကြာမြင့်စွာကာလ မဝါကြွားရကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက်ကြောင်းကိုလည်းကောင်း မသိသလော။
အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
သူတို့၏သတင်းကို ဗာဗုလုန်ရှင်ဘုရင်သည်ကြား၍ လက်အားလျော့၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမ ခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်းခံရ၏။
ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ချင်းဖြစ်၍၊ လူစုထဲကနှင်ထုတ်ကြလျက်၊ သူသည် နွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေးသည် ရွှေလင်းတအတောင် ကဲ့သို့လည်းကောင်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့လည်းကောင်း ဖြစ်၏။
ထိုစာကိုဖတ်၍ အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။
စပျစ်ရည်ကိုသောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြ၏။
မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည်ရှိသော်၊
ပညာရှိ ဆရာတော်အပေါင်းတို့သည် လာရောက်ကြသော်လည်း၊ ထိုစာကို မဖတ်နိုင်ကြ။ အနက်အဓိပ္ပာယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သောကြောင့်၊
ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။-