သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်လည်းကောင်း၊ ထူးဆန်းသော ပညာဉာဏ်သတ္တိနှင့်လည်းကောင်း ပြည့်စုံသည်ဟု သင်၏ သတင်းကို ငါကြား၏။
ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဖတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဉာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။
ဖာရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အားမိန့်တော်မူ၏။
နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း၏တည်ရာ ဖြစ်တော်မူ၏။
နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအားဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလသည် ငါ့ထံသို့ဝင်လာလျှင်၊
ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့၍၊ ယုဒလူစု၌ပါသော ဒံယေလ မှန်သလော။
ထိုစာကိုဖတ်၍ အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။
ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။