Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 5:13

Judson Bible

ဒံ​ယေ​လ​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​လေ၏။ ရှင်​ဘု​ရင်​က၊ ငါ့​ခ​မည်း​တော်​ဘု​ရား​သည် ယု​ဒ​ပြည်​က သိမ်း​ယူ​တော်​မူ​ခဲ့၍၊ ယု​ဒ​လူ​စု၌​ပါ​သော ဒံ​ယေ​လ မှန်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​တို့​သည် ဝန်​ခံ​ကြ​သည်​နှင့်​အ​ညီ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ရွေး​ချယ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မည်​များ​ကို မှတ်​သား​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် ဒ​သ​မ​လ​တစ်​ရက်​နေ့​တွင် ထို​အ​မှု​ကို စစ်​ကြော​ခြင်း​ငှာ ထိုင်​နေ​ကြ၏။

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စည်း​ဝေး​စေ​မည်​အ​ကြောင်း၊

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​ကို တည်​ကြ​သည်​ဟု ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး၏ ရန်​သူ​တို့​သည် ကြား​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော သိမ်း​သွား​ခြင်း​ကို​ခံ​ဖူး​သော အ​မျိုး​သား​ချင်း​ရှိ​သ​မျှ​တို့​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် အ​နု​မော​ဒ​နာ​ပွဲ​ခံ​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။

ဒံ​ယေ​လ​သည် ကု​ရု​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တိုင်​အောင် ရှိ​နေ​သ​တည်း။

ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။

ထို​အ​ခါ အာ​ရုတ်​သည် ဒံ​ယေ​လ​ကို အ​လျင်​တ​ဆော အ​ထံ​တော်​သို့ ခေါ်​သွင်း​ပြီး​လျှင်၊ အိပ်​မက်​တော်​နှင့် အ​နက်​ကို အ​ရှင်​မင်း​ကြီး​အား ဖော်​ပြ​နိုင်​သော သူ​တစ်​ယောက်​ကို ယု​ဒ​အ​မျိုး လက်​ရ​လူ​တို့​တွင် အ​ကျွန်ုပ်​တွေ့​ပါ​ပြီ​ဟု လျှောက်​လေ၏။

ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။

သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။

သင်​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သည်​ဟု သင်၏ သ​တင်း​ကို ငါ​ကြား၏။

အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။

စ​ပျစ်​ရည်​ကို မြည်း​စမ်း​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ထဲ​က ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား၊ ငွေ​ဖ​လား​တို့​နှင့် ကိုယ်​တော်​တိုင်​မှ​စ၍ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် သောက်​ရ​မည်​အ​ကြောင်း၊ ထို​ဖ​လား​တို့​ကို​ယူ​ခဲ့​ရ​မည်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊

မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။

ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊

ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် မော၍ နာ​လျက်​နေ၏။ တစ်​ဖန် အ​နာ​မှ​ထ​မြောက်၍ ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။ မြင်​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​အံ့​ဩ​သော်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။

ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။

ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ