ဒံယေလ 5:12Judson Bibleအကြောင်းမူကား၊ အိပ်မက်အနက်ကို ဖတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှာ တတ်စွမ်းနိုင်သော ဉာဏ်ပညာနှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနားတော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည် တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပာယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။