Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 4:13

Judson Bible

အိပ်​ပျော်၍ မြင်​မက်​စဉ်၊ တစ်​ဖန်​ငါ​ကြည့်​ရှု​ပြန်​လျှင်၊ သစ်​ပင်​စောင့်​တည်း​ဟူ​သော သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ ဆင်း​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မြေ​သား​တို့​တွင် အ​ကြီး​လုပ်​သော​သူ​တို့​မှ ဉာဏ်​ကို​နုတ်၍၊ လမ်း​မ​ရှိ​သော​တော၌ လှည့်​လည်​စေ​တော်​မူ၏။

တန်​ခိုး​ကြီး၍ နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​ထောင်​လျက်၊ အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​သော ကောင်း​ကင်​တ​မန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

ငါ​အိပ်​ပျော်​စဉ်​တွင် မြင်​မက်​သည်​ကား၊ ငါ​ကြည့်​ရှု၍ မြေ​ကြီး​အ​လယ်၌ အ​ရပ်​မြင့်​လှ​သော သစ်​ပင်​တစ်​ပင်​ရှိ၏။

အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။

သစ်​ပင်​စောင့်၊ သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ​ဆင်း​လာ၍၊ သစ်​ပင်​ကို ခုတ်​လှဲ​ဖျက်​ဆီး​လော့။ သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို ခြွင်း​ထား၍ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌​ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့​ဟု​ဆို​သည်​မှာ၊

ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ဒံ​ယေ​လ​သည် အိပ်​မက်​ကို​မြင်၍ အိပ်​ပျော်​စဉ်၊ စိတ်​ထဲ၌​အာ​ရုံ​ပြု​ပြီး​မှ မြင်​မက်​သော အ​ရာ​တို့​ကို ရေး​ထား​သော​အ​ချက်​ကား၊

ထို​သူ​က၊ ဤ​သား​ရဲ​လေး​ကောင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပေါ်​လ​တ္တံ့​သော နိုင်​ငံ​လေး​ပါး​ဖြစ်၏။

ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။

ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊

သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။

လူ​သား​သည် မိ​မိ​ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ အ​ခြံ​အ​ရံ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သော​အ​ခါ ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍၊-

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်​ကြော်​လေ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။

အာ​ဒံ​မှ​ဆင်း​သက်၍ ခု​နစ်​ဆက်​မြောက်​သော​သူ ဧ​နောက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​သော အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​လူ​ဆိုး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍​ပြော​သော ကြမ်း​တမ်း​သော စ​ကား​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​ခြင်း​ငှာ၊ အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​သန့်​ရှင်း​သူ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​လိမ့်​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လေ၏။-

ထို​သူ​သည် ဘု​ရား​သ​ခင်၏ ဒေါ​သ​ဖ​လား၌ လောင်း​သော အ​မျက်​တော် စ​ပျစ်​ရည်​စစ်​ကို သောက်​ရ​လိမ့်​မည်။ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​ရှေ့၊ သိုး​သ​ငယ်​ရှေ့​တွင်၊ ကန့်​နှင့်​ရော​သော မီး​ထဲ​မှာ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ