Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 3:24

Judson Bible

ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​သေ​သော​နောက်၊ အာ​ဟပ်​အ​မျိုး​သား​တို့​သည် အာ​ခ​ဇိ​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ မ​ကောင်း​သော​အ​ကြံ​ကို ပေး​ကြ၏။

အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။

ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။

ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊

အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ကြီး​ပွား၍ ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ၏။ ဘုန်း​စည်း​စိမ်​တော်​ကြီး​မြင့်၍ မိုး​ကောင်း​ကင်​သို့​ထိ၏။ အာ​ဏာ​စက်​တော်​လည်း၊ မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​တော်​မူ၏။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။

မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။

ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။

အိမ်​ဦး​တံ​ခါး​ကို​ခေါက်​လေ​သော်၊ ရော​ဒေ​အ​မည်​ရှိ​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နား​ထောင်​ခြင်း​ငှာ​လာ၍၊-

နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။-

အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကိုယ်​တော်​သည် အ​နာ​ဂ​တ္တိ​ကျမ်း​စာ​ကို ယုံ​တော်​မူ​သ​လော။ ယုံ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်၏။-

သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ