ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။
ပရောဖက်သွား၍ အသေကောင်သည် လမ်း၌လဲလျက်၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေလျက်ရှိသည်ကို တွေ့၏။ ခြင်္သေ့သည် အသေကောင်ကို မစား၊ မြည်းကိုလည်း မကိုက်။
အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။
ဖြောင့်မတ်သောသူသည် ဒုက္ခထဲကထွက်မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
မတရားသောသူသည် တရားသောသူအဖို့၊ လွန်ကျူးသောသူသည် ဖြောင့်မတ်သောသူအဖို့ ရွေးရန်ဖြစ်၏။
မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကိုပေး၏။
ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှာ ထွက်သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြောလျှင်၊
ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။-
ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည်ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။