Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 3:12

Judson Bible

အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။

မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။

တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။

မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။

ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။

ထို​အ​ခါ ဒံ​ယေ​လ​သည် သံ​တော်​ဦး​တင်​သော​ကြောင့်၊ မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ဒံ​ယေ​လ​သည် နန်း​တော်​ဦး၌ နေ​ရ​လေ၏။

မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။

ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။

ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။

မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။

ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။

ယာ​သုန်​သည်​လည်း သူ​တို့​ကို လက်​ခံ​ပါ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် ကဲ​သာ​ဘု​ရင်၏ အ​မိန့်​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ယေ​ရှု​အ​မည်​ရှိ​သော ရှင်​ဘု​ရင်​တစ်​ပါး​ရှိ​သည် ဆို​တတ်​ပါ၏​ဟု ဟစ်​ကြော်​လျက်၊-

ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ