Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:5

Judson Bible

ရှင်​ဘု​ရင်​က​လည်း၊ ငါ​အ​မိန့်​တော်​ရှိ​ပြီ။ ထို​အိပ်​မက်​နှင့် အ​နက်​ကို သင်​တို့​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​ကို အ​ပိုင်း​ပိုင်း​စဉ်း​မည်။ သင်​တို့​အိမ်​များ​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဗာ​လ ဆင်း​တု​ကို​လည်း​ကောင်း၊ ကျောင်း​ကို​လည်​ကောင်း ဖြို​ဖျက်၍ ယ​နေ့​တိုင်​အောင် ကိုယ်​သုတ်​သင်​ရာ​အိမ် ဖြစ်​စေ​ကြ၏။

၎င်း​နည်း အ​ကြင်​သူ​သည် ဤ​အ​မိန့်​တော်​ကို​ငြင်း​ဆန်​လျှင်၊ ထို​သူ၏​အိမ်​မှ သစ်​တိုင်​ကို​နုတ်​ယူ၍ စိုက်​ပြီး​မှ သူ့​ကို​လည်​ဆွဲ​ချ​စေ။ သူ့​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။

ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။

ထို​သူ​တို့​သည် စီး​သော​ရေ​ကဲ့​သို့ ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ လေး​ကို​တင်​သော​အ​ခါ မြား​တို့​သည် ကျိုး​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။

ထို​စ​ကား​ကို ကြား​တော်​မူ​လျှင် ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဗာ​ဗု​လုန်​မြို့၌ ရှိ​သ​မျှ​သော ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​စေ​ဟု အ​မိန့်​တော်​ရှိ၏။

ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။

လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို မြို့​လမ်း​မ​အ​လယ်၌​စု​ပုံ၍၊ ထို​မြို့​နှင့်​တ​ကွ လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရ​မည်။ ထို​မြို့​သည် အ​စဉ်​အ​မြဲ အ​မှိုက်​ပုံ​ဖြစ်​ရ​မည်။ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။

ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။

ရှ​မွေ​လ​က၊ မိန်း​မ​များ​တို့​သည် သင်၏​ဓား​ကြောင့် သား​ဆုံး​သ​ကဲ့​သို့၊ သင်၏​အ​မိ​သည် သား​ဆုံး​သော မိန်း​မ​ဖြစ်​ရ​မည်​ဟု​ဆို​လျက်၊ ဂိ​လ​ဂါ​လ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အာ​ဂတ်​ကို အ​ပိုင်း​ပိုင်း ဖြတ်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ