Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:39

Judson Bible

ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကု​ရု​မင်း​ကို​လည်း၊ သင်​သည် ငါ့​သိုး​ထိန်း​ဖြစ်၏။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ပြည့်​စုံ​စေ​လျက်၊ ယေ​ရု​ရှ​လင်​မြို့​တည်​ဆောက်​စေ၊ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ​စေ​ဟု စီ​ရင်​လိမ့်​မည်​ဟူ၍​လည်း​ကောင်း ငါ​ဆို၏။

ထို​သူ​က​လည်း၊ ငါ​သည် သင်​ရှိ​ရာ​သို့ လာ​ရ​သော အ​ကြောင်း​ကို နား​လည်​သ​လော။ ပေ​ရ​သိ​မင်း​ကို စစ်​တိုက်​အံ့​သော​ငှာ ယ​ခု ငါ​ပြန်​သွား​ရ​မည်။ ငါ​သွား​ပြီး​သည်​နောက်၊ တစ်​ဖန်​ဟေ​လ​သ​မင်း​သည် ပေါ်​လာ​လိမ့်​မည်။

သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။

လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။

စ​တု​တ္ထ​နိုင်​ငံ​သည် သံ​ကဲ့​သို့​ခိုင်​မာ​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သံ​သည် အ​ခြား​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့၍ နိုင်​သ​ကဲ့​သို့၊ စ​တု​တ္ထ​နိုင်​ငံ​သည် ချိုး​ဖဲ့​နှိပ်​စက်​ခြင်း​ကို ပြု​လိမ့်​မည်။

ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။

ချို​နှစ်​ချောင်း​နှင့် ပေါ်​လာ​သော​သိုး​သည် မေ​ဒိ​ရှင်​ဘု​ရင်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဖြစ်၏။

အ​မွေး​ကြမ်း​သော ဆိတ်​သည် ဟေ​လ​သ​ရှင်​ဘု​ရင် ဖြစ်၏။ မျက်​စိ​နှစ်​လုံး​ကြား၌​ရှိ​သော ချို​ကြီး​သည် ပ​ထ​မ​မင်း​ဖြစ်၏။

တ​တိ​ယ​ရ​ထား၌ မြင်း​ဖြူ၊ စ​တု​တ္ထ​ရ​ထား၌ ခွန်​အား​ကြီး​သော မြင်း​ကျား​တို့​သည် က​လျက်​ရှိ​ကြ၏။

က​သော မြင်း​နက်​တို့​သည် မြောက်​ပြည်​သို့ သွား​ကြ၏။ မြင်း​ဖြူ​တို့​သည် မြင်း​နက်​နောက်​သို့ လိုက်​ကြ၏။ မြင်း​ကျား​တို့​သည် တောင်​ပြည်​သို့ သွား​ကြ၏​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ