Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:34

Judson Bible

ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​စဉ်၊ လက်​ဖြင့် မ​ထု​မ​လုပ်​ဘဲ အ​လို​လို​ဖြစ်​သော ကျောက်​တစ်​လုံး​သည် သံ​နှင့် သ​ရွတ်​ဖြစ်​သော ရုပ်​တု၏​ခြေ​ကို ထိ​ခိုက်၍ ချိုး​ဖဲ့​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။

အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​များ​တို့၊ သင်း​ဖွဲ့၍ မှိုင်​တွေ​ကြ​လော့။ ဝေး​သော​ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။

သင်​သည်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​အ​လယ်၌ ကျိုး​ပျက်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ​လျက်​နေ​ရ​လိမ့်​မည်။

တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း​သော​အ​ခါ မ​ကူး​နိုင်​သော​မြစ် ဖြစ်​လေ၏။ ရေ​ထ​သော​ကြောင့် နင်း၍​မ​ကူး​နိုင်၊ ခြေ​ထောက်၍ မ​မီ​ဘဲ ကူး​ရ​သော​မြစ်​ဖြစ်၏။

ဝမ်း​နှင့် ပေါင်​နှစ်​ဖက်​သည် ကြေး​ဝါ​ဖြစ်၏။ ခြေ​သ​လုံး​နှစ်​ဖက်​သည် သံ​ဖြစ်၏။ ခြေ​ဖ​ဝါး​နှင့် ဖ​မိုး​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်၏။

ကောင်း​ကင်​အောက်၌ နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက် ဘုန်း​တန်​ခိုး​ရှိ​သ​မျှ​ကို အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​အ​မျိုး​သား​တို့​သည် ရ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ မင်း​ကြီး​အ​ပေါင်း​တို့​သည် တိုး​ဝင်၍ ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။

သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ထို​ကာ​လ​အ​ခါ၌​လည်း ထို​မြို့​ကို လူ​မျိုး​အ​ပေါင်း​တို့​အား လေး​သော​ကျောက်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို ချီ​သော​သူ​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​ကြေ​မွ ကြ​လိမ့်​မည်။ လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ စု​ဝေး​လျက် ရှိ​ကြ​လိမ့်​မည်။

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-

ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။

ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။-

ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။-

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-

သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-

သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ